ပညာရေးသတင်းများ

ကရင်နီပြည်နယ်နှင့် အနီးနားဒေသများမှ ကျောင်းသား/သူများအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ သင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပညာသင်ဆုများအကြောင်း ပါဝင်သည့် ပညာရေးသတင်းများကို ရှာဖွေဖတ်ရှုပါ။

𝗡𝗗-𝗬𝗘𝗕 𝗣𝗿𝗼𝗴𝗿𝗮𝗺 (အပတ်စဉ်- ၂)

သင်တန်း

𝗡𝗗-𝗬𝗘𝗕 𝗣𝗿𝗼𝗴𝗿𝗮𝗺 (အပတ်စဉ်- ၂)

Sep 14, 2026

မဲဆောက်မှာ (၆) လ အခမဲ့ ပညာသင်ယူနိုင်မယ့် 𝗡𝗗-𝗬𝗘𝗕 𝗣𝗿𝗼𝗴𝗿𝗮𝗺 (𝗕𝗮𝘁𝗰𝗵 – 𝟮) 

မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးတစ်ပိုင်းတစ်စဖြင့် နေရပ်စွန့်ခွာလာရတဲ့ လူငယ်များအနေဖြင့် ပညာရေးကို ဆက်လက်သင်ယူနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ 𝗡𝗗-𝗬𝗘𝗕 𝗣𝗿𝗼𝗴𝗿𝗮𝗺 (𝗕𝗮𝘁𝗰𝗵 – 𝟮) အတွက် ကျောင်းသူ/သားသစ်များကို စတင်လက်ခံနေပါပြီ။

ဒီအစီအစဉ်မှာ 𝗘𝗻𝗴𝗹𝗶𝘀𝗵၊ 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 & 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗶𝘁𝗲𝗿𝗮𝗰𝘆၊ 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 စတဲ့ ပညာရပ်များအပြင် လက်တွေ့အသုံးဝင်တဲ့ 𝗦𝗸𝗶𝗹𝗹𝘀 တွေကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။

━━━━━━━━━━━━━━━

 𝗪𝗵𝗮𝘁 𝗬𝗼𝘂 𝗪𝗶𝗹𝗹 𝗟𝗲𝗮𝗿𝗻

  •  𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 (𝟰-𝗦𝗸𝗶𝗹𝗹𝘀)
  • 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 & 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗶𝘁𝗲𝗿𝗮𝗰𝘆
  • 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽
  • 𝗕𝗮𝘀𝗶𝗰 𝗧𝗵𝗮𝗶 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴
  • 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲
  • 𝗦𝗼𝗰𝗶𝗮𝗹 𝗦𝗰𝗶𝗲𝗻𝗰𝗲
  • 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗖𝘆𝗰𝗹𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁

━━━━━━━━━━━━━━━

 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗕𝗲𝗻𝗲𝗳𝗶𝘁𝘀

  •  𝗙𝗿𝗲𝗲 𝗧𝘂𝗶𝘁𝗶𝗼𝗻 – သင်တန်းကြေး အခမဲ့
  • 𝗙𝗿𝗲𝗲 𝗔𝗰𝗰𝗼𝗺𝗺𝗼𝗱𝗮𝘁𝗶𝗼𝗻 – အခမဲ့ နေထိုင်ခွင့်
  • 𝗙𝗿𝗲𝗲 𝗪𝗶-𝗙𝗶 – အခမဲ့ Wi-Fi အသုံးပြုခွင့်
  • 𝗠𝗲𝗻𝘁𝗼𝗿𝘀𝗵𝗶𝗽 & 𝗚𝘂𝗶𝗱𝗮𝗻𝗰𝗲 – လမ်းညွှန်မှုနှင့် အကြံပေးမှုများ
  • 𝗥𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘁𝘁𝗲𝗿 – ထောက်ခံစာ ရရှိနိုင်ခြင်း
  • 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 – သင်တန်းအောင်လက်မှတ် ရရှိခြင်း

━━━━━━━━━━━━━━━

 𝗪𝗵𝗼 𝗖𝗮𝗻 𝗔𝗽𝗽𝗹𝘆?

• သင်တန်းသူ/သား (၁၀) ဦးသာ လက်ခံမည်။

• အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်း ဖြစ်ရမည်။

• အထက်တန်းပညာရေး ပြီးမြောက်ထားသူ (သို့မဟုတ်) အတန်းပညာနှင့်ညီမျှသော အရည်အချင်းရှိသူ ဖြစ်ရမည်။

• 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗟𝗲𝘃𝗲𝗹 အနည်းဆုံး 𝗘𝗹𝗲𝗺𝗲𝗻𝘁𝗮𝗿𝘆 – 𝗣𝗿𝗲-𝗜𝗻𝘁𝗲𝗿𝗺𝗲𝗱𝗶𝗮𝘁𝗲 ရှိရမည်။

• မြန်မာနိုင်ငံ ဘယ်ဒေသကမဆို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်သည်။

━━━━━━━━━━━━━━━

  •  𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗗𝗮𝘁𝗲

𝟭 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟲 – 𝟯𝟭 𝗠𝗮𝗿𝗰𝗵 𝟮𝟬𝟮𝟳

𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 – 𝟲 𝗠𝗼𝗻𝘁𝗵𝘀

 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 – 𝗠𝗮𝗲 𝗦𝗼𝘁, 𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱

 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗗𝗲𝗮𝗱𝗹𝗶𝗻𝗲 – 𝟯𝟭 𝗔𝘂𝗴𝘂𝘀𝘁 𝟮𝟬𝟮𝟲

━━━━━━━━━━━━━━━

  •  𝗛𝗼𝘄 𝘁𝗼 𝗔𝗽𝗽𝗹𝘆?

အောက်ပါ 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗟𝗶𝗻𝗸 မှတစ်ဆင့် တိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။

အသေးစိတ် စုံစမ်းရန် 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 𝗟𝗶𝗻𝗸

သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး စိတ်ပါဝင်စားသူများအနေနဲ့ 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗗𝗲𝗮𝗱𝗹𝗶𝗻𝗲 မတိုင်မီ အမြန်ဆုံး လျှောက်ထားနိုင်ပါတယ်။

ဒီအခွင့်အရေးနဲ့ ကိုက်ညီမယ့် သူငယ်ချင်း၊ မိတ်ဆွေတွေရှိရင်လည်း သိရှိသွားအောင် ဒီ 𝗣𝗼𝘀𝘁 လေးကို 𝗦𝗵𝗮𝗿𝗲 ပေးလိုက်ပါဦးနော် 

━━━━━━━━━━━━━━━

𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗦𝗸𝗶𝗹𝗹 အတွက် 𝗢𝗻𝗲 𝗼𝗻 𝗢𝗻𝗲 𝗖𝗹𝗮𝘀𝘀 အသေးစိတ်ကို

━━━━━━━━━━━━━━━

  •  အခုလို 𝗘𝗻𝗴𝗹𝗶𝘀𝗵 သင်ယူမှုဆိုင်ရာ ဗဟုသုတတွေ၊ 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အခွင့်အရေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗣𝗿𝗼𝗴𝗿𝗮𝗺𝘀 တွေကို နေ့စဉ်လေ့လာနိုင်ဖို့ 𝗡𝗲𝘄 𝗦𝘁𝗲𝗽 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗣𝗮𝗴𝗲 ကို 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖို့ မမေ့နဲ့ဦးနော် 
  • 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹 – https://t.me/newstep_edu
  • 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 – https://www.facebook.com/share/17zc29x5AS/
  • 𝗧𝗶𝗸𝗧𝗼𝗸 –New Step Education𝟲𝟲𝟲𝟬𝟵𝟴𝟰𝟴 (𝗩𝗶𝗯𝗲𝗿 / 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺)

သို့မဟုတ် 𝗡𝗲𝘄 𝗦𝘁𝗲𝗽 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှတစ်ဆင့် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 

#𝗡𝗗𝗬𝗘𝗕 #𝗡𝗮𝘁𝗶𝘃𝗲𝗗𝗿𝗲𝗮𝗺 #𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻𝗢𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝘆 #𝗠𝗮𝗲𝗦𝗼𝘁 #𝗙𝗿𝗲𝗲𝗣𝗿𝗼𝗴𝗿𝗮𝗺 #𝗡𝗲𝘄𝗦𝘁𝗲𝗽𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

#NSE

#englishlearning

#englishclasses

#onlineclass

#zoomclass

#oneononeclass

#englishclasses

ပို၍ ဖတ်ရှုရန်
ရောင်နီလူမှုဖွံ့ဖြိုးရေးစင်တာ လူမှုဖွံ့ဖြိုးရေးနှင့်အခြေခံသက်မွေးသင်တန်း အပတ်စဉ် (၃)

သင်တန်း

ရောင်နီလူမှုဖွံ့ဖြိုးရေးစင်တာ လူမှုဖွံ့ဖြိုးရေးနှင့်အခြေခံသက်မွေးသင်တန်း အပတ်စဉ် (၃)

Sep 09, 2026

ရောင်နီလူမှုဖွံ့ဖြိုးရေးစင်တာ လူမှုဖွံ့ဖြိုးရေးနှင့်အခြေခံသက်မွေးသင်တန်း အပတ်စဉ် (၃) အတွက် လျှောက်လွှာခေါ်ယူခြင်း

လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်တာဟာ ပညာရပ်ဆိုင်ရာ အသိပညာတစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် နားလည်ယုံကြည်မှု၊ အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူတတ်မှုနဲ့ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုလိုတဲ့ စိတ်ဓာတ်တွေဟာလည်း လူငယ်တွေရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။

ရောင်နီလူမှုဖွံ့ဖြိုးရေးစင်တာဟာ လူငယ်တွေအနေနဲ့ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့၊ ဘဝအတွက်လိုအပ်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေ ရရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး ရပ်တည်နိုင်ဖို့နဲ့ မိမိပတ်ဝန်းကျင်အတွက် အကျိုးပြုသူတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ဖွင့်လှစ်ထားတဲ့ သင်ယူရေးနေရာတစ်ခု ဖြစ်ပါတယ်။

ရောင်နီမှာ စာသင်ခန်းအတွင်းက သင်ခန်းစာတွေကိုသာ သင်ယူရမှာ မဟုတ်ပါဘူး။ လူမှုဘဝမှာ လက်တွေ့အသုံးချနိုင်မယ့် ဆက်သွယ်ပြောဆိုမှု၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု၊ ခေါင်းဆောင်မှု၊ ပြဿနာဖြေရှင်းမှုနဲ့ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်မှုတွေကိုလည်း လက်တွေ့လေ့ကျင့်သင်ယူရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလိပ်စာ၊ ကွန်ပျူတာအခြေခံ၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာ၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများ၊ ယဉ်ကျေးမှုဖလှယ်ခြင်း၊ စကားရည်လုပွဲများ၊ အနုပညာနဲ့ အားကစားလှုပ်ရှားမှုများအပြင် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုတဲ့ လက်တွေ့လုပ်ငန်းတွေကိုပါ အတူတကွ သင်ယူလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ရောင်နီဟာ အတန်းထဲမှာ စာသင်ရုံမျှသာ မဟုတ်ဘဲ လူငယ်တွေ စိတ်ချလုံခြုံစွာ သင်ယူနိုင်တဲ့နေရာ၊ ကိုယ့်အတွေးနဲ့ ကိုယ့်အသံကို လွတ်လပ်စွာဖော်ပြနိုင်တဲ့နေရာ၊ မတူကွဲပြားမှုတွေကို လေးစားတတ်ဖို့နဲ့ အတူတကွရှင်သန်တတ်ဖို့ လေ့ကျင့်ပေးတဲ့နေရာလည်း ဖြစ်ပါတယ်။

ရောင်နီလူမှုဖွံ့ဖြိုးရေးစင်တာ လူမှုဖွံ့ဖြိုးရေးနှင့်အခြေခံသက်မွေးသင်တန်း အပတ်စဉ် (၃) အတွက် သင်တန်းသား၊ သင်တန်းသူများကို စတင်လျှောက်လွှာခေါ်ယူနေပါပြီ။

အသက် (၁၆) နှစ်မှ (၂၃) နှစ်အတွင်း ရှိပြီး သင်ယူလိုစိတ်၊ ပြောင်းလဲတိုးတက်လိုစိတ်ရှိတဲ့ လူငယ်များ ကျား၊ မ မရွေး လျှောက်ထားနိုင်ပါတယ်။ ပညာရေးအခွင့်အလမ်း အကန့်အသတ်ရှိခဲ့သူများ၊ မိမိကိုယ်ကို တိုးတက်အောင် လေ့လာလိုသူများနဲ့ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုလိုသူများကို အထူးဖိတ်ခေါ်ပါတယ်။

ရောင်နီမှာ သင်ယူခြင်းဆိုတာ အတန်းပြီးသွားရင် မေ့ပျောက်သွားမယ့် သင်ခန်းစာတွေကို မှတ်သားခြင်း မဟုတ်ပါဘူး။ မိမိဘဝအတွက် အသုံးဝင်မယ့် ကျွမ်းကျင်မှုတွေကို တည်ဆောက်ခြင်း၊ အခြားသူတွေကို ချစ်ခင်နားလည်တတ်ခြင်းနဲ့ မျှော်လင့်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အတူတကွကြိုးစားခြင်း ဖြစ်ပါတယ်။

ရောင်နီရဲ့ အပတ်စဉ် (၃) ခရီးမှာ ပါဝင်ပြီး ကိုယ့်ရဲ့မသိသေးတဲ့ အရည်အချင်းတွေကို ရှာဖွေဖော်ထုတ်ဖို့၊ သူငယ်ချင်းအသစ်တွေနဲ့အတူ အတွေ့အကြုံကောင်းတွေ ဖန်တီးဖို့နဲ့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပုံဖော်တည်ဆောက်ဖို့ လူငယ်များအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

  •  လျှောက်ထားနိုင်သူ — အသက် (၁၆) နှစ်မှ (၂၃) နှစ်အတွင်း လူငယ်များ
  • ကျား၊ မ — မရွေး လျှောက်ထားနိုင်သည်
  • သင်တန်းကာလ — (၄) လ
  • သင်တန်းနေရာ — ရောင်နီလူမှုဖွံ့ဖြိုးရေးစင်တာ
  • လျှောက်လွှာပိတ်ရက် —  ၂၁.၉.၂၀၂၆ 
  • လျှောက်ထားရန်လင့်ခ် - https://docs.google.com/.../1FAIpQLScTya8ZC8j5Mi.../viewform
  • ဆက်သွယ်ရန် — Page Messenger 

လူငယ်တစ်ယောက်ရဲ့ အလားအလာဟာ အခွင့်အရေးတစ်ခုနဲ့ တွေ့ဆုံလိုက်တဲ့အခါ လှပတဲ့အနာဂတ်တစ်ခု စတင်နိုင်ပါတယ်။

သင်ယူခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ပါ။

မေတ္တာနဲ့ အခြားသူတွေကို နားလည်ပေးပါ။

မျှော်လင့်ချက်နဲ့ ပိုကောင်းတဲ့အနာဂတ်ကို အတူတကွတည်ဆောက်ပါ။

Learn • Love • Hope

#ရောင်နီလူမှုဖွံ့ဖြိုးရေးစင်တာ

#အပတ်စဉ်၃

#သင်တန်းလျှောက်လွှာခေါ်ယူခြင်း

#လူငယ်ဖွံ့ဖြိုးရေး

#LearnLoveHope

ပို၍ ဖတ်ရှုရန်
အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဆက်သင်တန်း အပတ်စဉ် (၂)

သင်တန်း

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဆက်သင်တန်း အပတ်စဉ် (၂)

Sep 01, 2026

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဆက်သင်တန်း အပတ်စဉ် (၂) ကို လျှောက်ထားနိုင်ပါပြီရှင်... 

*********************************

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဆက်သင်တန်း အပတ်စဉ် (၂) သည် Politics for Women Myanmar မှ ဖွင့်လှစ်သော (၅ ) ရက်တာ သင်တန်း ဖြစ်ပါသည်။

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်  အခြေခံအဆင့် နားလည်ရန် ရည်ရွယ်၍ 

*အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဏ္ဍိုင်ကြီး (၄) ရပ်နှင့် 

** လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုကြိုတင်ကာကွယ်သည့် နည်းလမ်းများ၊ 

*** အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူများအနေဖြင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များ

စသည့် အခြေခံအသိပညာများကို မျှဝေဆွေးနွေး သင်ကြားသွားမည် ဖြစ်ပါသည်။ 

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမိတ်ဆက်သင်တန်း အပတ်စဉ် (၂) အား စက်တင်ဘာလ (၉, ၁၀, ၁၁, ၁၂, ၁၃) ရက်နေ့အထိ (၅) ရက်တာ တက်ရောက်ရမည် ဖြစ်ပြီး၊  မြန်မာစံတော်ချိန် ညနေ (၆) နာရီမှ ညနေ (၈) အထိ နှစ်နာရီကြာ ဆွေးနွေးမျှဝေသွားမည် ဖြစ်သည်။ 

သင်တန်းပြီးဆုံးချိန်တွင်လည်း မိမိဘာသာသင်ယူမှုကို လုပ်ဆောင်နိုင်ရန် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာစာအုပ်များကို မျှဝေသွားပါမည်။ 

ထို့ကြောင့် မိမိအနေဖြင့် သင်တန်းကို အချိန်နှင့် အားစိုက်မှု အပြည့်အဝ ပေးနိုင်သူများသာ လျှောက်ထားရန် သင့်လျော်ပါသည်။ 

သင်တန်းတက်ရောက်ခွင့် ရရှိသူများကိုသာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် အကြောင်းကြားသွားပါမည်။ 

မှတ်ချက်။ ။ သင်တန်းတက်ရောက်သည့် ဒေတာကုန်ကျစရိတ်ကို ပြန်လည်ထောက်ပံ့ပေးသွားပါမည်။ 

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမိတ်ဆက်သင်တန်း အပတ်စဉ် (၂) အား အောက်ပါလင့်ခ်ကတဆင့် လျှောက်ထားနိုင်ပါပြီရှင်....။

https://forms.gle/vzHhusHVNoBa7cSKA

 

ပို၍ ဖတ်ရှုရန်
အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဆက်သင်တန်း

သင်တန်း

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဆက်သင်တန်း

Aug 20, 2026

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဆက်သင်တန်း အပတ်စဉ် (၁) ကို လျှောက်ထားနိုင်ပါပြီရှင်...

**********************************************************************

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဆက်သင်တန်း အပတ်စဉ် (၁) သည် Politics for Women Myanmar မှ ဖွင့်လှစ်သော (၅ ) ရက်တာ သင်တန်း ဖြစ်ပါသည်။

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်  အခြေခံအဆင့် နားလည်ရန် ရည်ရွယ်၍ 

*အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဏ္ဍိုင်ကြီး (၄) ရပ်နှင့် 

** လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုကြိုတင်ကာကွယ်သည့် နည်းလမ်းများ၊ 

*** အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူများအနေဖြင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များ

စသည့် အခြေခံအသိပညာများကို မျှဝေဆွေးနွေး သင်ကြားသွားမည် ဖြစ်ပါသည်။ 

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမိတ်ဆက်သင်တန်း အပတ်စဉ် (၁) အား ဩဂုတ်လ (၂၆,  ၂၇, ၂၈, ၂၉, ၃၀) ရက်နေ့အထိ (၅) ရက်တာ တက်ရောက်ရမည် ဖြစ်ပြီး၊  မြန်မာစံတော်ချိန် ညနေ (၆) နာရီမှ ညနေ (၈) အထိ နှစ်နာရီကြာ ဆွေးနွေးမျှဝေသွားမည် ဖြစ်သည်။ 

သင်တန်းပြီးဆုံးချိန်တွင်လည်း မိမိဘာသာသင်ယူမှုကို လုပ်ဆောင်နိုင်ရန် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာစာအုပ်များကို မျှဝေသွားပါမည်။ 

ထို့ကြောင့် မိမိအနေဖြင့် နိုင်ငံရေးမိတ်ဆက်သင်တန်းကို အချိန်နှင့် အားစိုက်မှု အပြည့်အဝ ပေးနိုင်သူများသာ လျှောက်ထားရန် သင့်လျော်ပါသည်။ 

သင်တန်းတက်ရောက်ခွင့် ရရှိသူများကိုသာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် အကြောင်းကြားသွားပါမည်။ 

မှတ်ချက်။ ။ သင်တန်းတက်ရောက်သည့် ဒေတာကုန်ကျစရိတ်ကို ပြန်လည်ထောက်ပံ့ပေးသွားပါမည်။ 

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမိတ်ဆက်သင်တန်း အပတ်စဉ် (၁) အား အောက်ပါလင့်ခ်ကတဆင့် လျှောက်ထားနိုင်ပါပြီရှင်....။

https://forms.gle/a5T2GuVpSuMP82Up6

ပို၍ ဖတ်ရှုရန်

သင်တန်း

ကရင်နီပရာရူး

Jun 25, 2026

ကရင်နီပရာရူး၏ အဋ္ဌမ (၈ ကြိမ်) မြောက်အပတ်စဥ်ကို ဇူလိုင်လမှ နိုဝင်ဘာလအထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ပါဝင်တက်ရောက်လိုသူများအနေဖြင့် အောက်ဖော်ပြပါ ဖောင်မှတဆင့် ပါဝင်လျှောက်ထားနိုင်ပါသည်။

https://docs.google.com/.../1FAIpQLSd.../viewform...

ကရင်နီပရာရူး၏ အဋ္ဌမ (၈ ကြိမ်) မြောက်အပတ်စဥ်တွင် 

ဂျန်ဒါရေးရာလေ့လာမှု၊ နိုင်ငံရေးသိပ္ပံနှင့် ကရင်နီရှိ အင်စတီကျူးရှင်းများအား လေ့လာခြင်း၊ ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်စာဘာသာရပ်များကို သင်တန်းသားအားလုံး မဖြစ်မနေ လေ့လာသင်ယူကြရမည်ဖြစ်သည်။ ထို့အပြင် သင်တန်းသားတစ်ယောက်ချင်းစီသည် ကယန်းစာပေ သို့မဟုတ် ကယားစာပေ နှစ်ခုအနက် တစ်ခုကို ရွေးချယ်သင်ယူနိုင်မည်ဖြစ်ပြီး ခဲပန်းချီ၊ လက်မှု၊ ဂစ်တာ၊ တယော၊ အကစသည်တို့အနက် အနည်းဆုံး (၃) ခုကို ရွေးချယ်လေ့လာကြရမည်ဖြစ်သည်။ 

သင်တန်းသားများသည် (၄) လတာလုံး သင်တန်းကျောင်းတွင် နေထိုင်ကြရမည်ဖြစ်ပြီး သင်တန်းသားများဘက်မှ အခကြေးငွေတစုံတရာ ပေးသွင်းရန် မလိုအပ်ပါ။ 

#KarenniPrarǔ 

ပို၍ ဖတ်ရှုရန်
အာဏာရှင်စနစ်၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ပဋိပက္ခလေ့လာရေးဆိုင်ရာ ဒီပလိုမာ

သင်တန်း

အာဏာရှင်စနစ်၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ပဋိပက္ခလေ့လာရေးဆိုင်ရာ ဒီပလိုမာ

Apr 08, 2026

  • နိုင်ငံရေးကို စိတ်ဝင်စားပြီး ပညာရပ်ဆိုင်ရာရှုထောင့်ကနေ နက်နက်ရှိုင်းရှိုင်း လေ့လာချင်သလား?

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ဘယ်လိုကူးပြောင်းကြသလဲ၊ ပဋိပက္ခတွေက ဘာကြောင့်ဖြစ်ရသလဲဆိုတာကို သီအိုရီအခြေခံနဲ့ လက်တွေ့အခင်းအကျင်းတွေကို ချိတ်ဆက်ပြီး လေ့လာနိုင်ဖို့ 𝑴𝙐𝑺𝙏 ကနေ ဒီပလိုမာသင်တန်းတစ်ခုကို မကြာခင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ 

ဒီသင်တန်းမှာတော့ -

  • အာဏာရှင်အစိုးရများ၏ သဘာဝ
  • ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်များ
  • နိုင်ငံတကာနှင့် ပြည်တွင်း ပဋိပက္ခများကိုခွဲခြမ်းစိတ်ဖြာခြင်း

တို့ကို နိုင်ငံတကာမှ ကျွမ်းကျင် ဆရာ၊ ဆရာမများမှ သင်ကြားပေးမှာဖြစ်ပါတယ်။

  •  သင်တန်းအချိန်နှင့်ရက်စွဲ 

• သင်တန်းစတင်မည့်ရက်: ဧပြီလ (၂၄) ရက်၊ ၂၀၂၆

• သင်တန်းပြီးဆုံးမည့်ရက်: ဇွန်လ (၃၀) ရက်၊ ၂၀၂၆

• သင်တန်းအချိန်: ညနေ ၇:၀၀-၉:၀၀

စ်ိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ 𝙂𝒐𝙤𝒈𝙡𝒆 𝒇𝙤𝒓𝙢 ကနေ တဆင့်လျှောက်ထားနိုင်သလို 𝑸𝙍 𝙘𝒐𝙙𝒆 ကို 𝑺𝙘𝒂𝙣 ဖတ်ပြီး ဧပြီလ (၁၇) ရက်၊ ၂၀၂၆ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ 

Form Link - https://tinyurl.com/54dyjcvv

ဒါကြောင့်မလို့ မိမိတို့ရဲ့ နိုင်ငံရေးအသိအမြင်တွေကို ပိုမိုခိုင်မာအောင် တည်ဆောက်ဖို့နဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ပညာရပ်ပိုင်းဆိုင်ရာအရရော လက်တွေ့အရပါ နားလည်သဘောပေါက်ဖို့အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့။

#𝑴𝙐𝑺𝙏 #𝑫𝙚𝒎𝙤𝒄𝙧𝒂𝙩𝒊𝙘𝑻𝙧𝒂𝙣𝒔𝙞𝒕𝙞𝒐𝙣 #𝑪𝙤𝒏𝙛𝒍𝙞𝒄𝙩𝑨𝙣𝒂𝙡𝒚𝙨𝒊𝙨 #𝑺𝙩𝒖𝙙𝒚𝙊𝒏𝙡𝒊𝙣𝒆

ပို၍ ဖတ်ရှုရန်
အမှတ်စဥ်(၆) နွေရာသီ ဆရာ/မ ဖြစ်သင်တန်း ခေါ်ယူခြင်း

သင်တန်း

အမှတ်စဥ်(၆) နွေရာသီ ဆရာ/မ ဖြစ်သင်တန်း ခေါ်ယူခြင်း

Feb 20, 2026

ရက်စွဲ။ ။ ၁၆. ၂. ၂၀၂၆ ခုနှစ်။

Supporting Essential Education – SEE ၏ Basic Education Program ( အခြေခံပညာရေး ပရိုဂရမ်) မှဦးဆောင်၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ပညာသင်နှစ်အတွက်  အမှတ်စဉ်(၆)နွေရာသီစေတနာ့ဝန်ထမ်း ဆရာ/မဖြစ်သင်တန်း အစီအစဉ်အား လာမည့် မတ်လ၊ ၁၆၊ ၂၀၂၆ မှ ဧပြီလ၊ ၂၉၊ ၂၀၂၆ ခုနှစ်ထိ (၄၅)ရက်တာ သင်တန်းပြုလုပ်သွားမည်ဖြစ်ပါသည်။ ၎င်းသင်တန်းအား သင်တန်းသူ/သားဦးရေစုစုပေါင်း (၄၅)ဦးခေါ်ယူသွားမည်ဖြစ်သည်။

  သင်တန်းအားစိတ်ပါဝင်စား၍ လျှောက်ထားလိုပါက အောက်တွင်ဖော်ပြပေးထားသည့် Google Form ဖြင့်သော်လည်းကောင်း၊ဖောင်ပုံစံများဖြင့်သော်လည်းကောင်းလျှောက်ထားနိုင်ပါသည်။

https://forms.gle/uTMZ58JbwFbQXqKeA

ပို၍ ဖတ်ရှုရန်
လူငယ်လူမှုဖွံ့ဖြိုးရေး လက်မှတ်အစီအစဉ်

သင်တန်း

လူငယ်လူမှုဖွံ့ဖြိုးရေး လက်မှတ်အစီအစဉ်

Feb 04, 2026

 သင်တန်း အပတ်စဉ် ၂ အတွက် သင်တန်းသား/သူများ ခေါ်ယူခြင်း 

ဘယ်သူတွေ လျှောက်လို့ရသလဲ။

အသက် ၁၅ နှစ်မှ ၂၃ နှစ်အတွင်း

ကရင်နီဒေသတွင်းရှိ လူငယ်များ (ကရင်နီဒေသခံလူငယ်များ၊ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူ လူငယ်များ နှင့် ဒေသခံမဟုတ်သော စစ်ဘေးရှောင်လူငယ်များ၊ တော်လှန်ရေးကာလအတွင်း ကိုယ်လက် အင်္ဂါဆုံးရှုံးထားသည့် တော်လှန်ရေးရဲဘော်များ)

ပညာအရည်အချင်း - အနည်းဆုံး အခြေခံပညာအလယ်တန်းအဆင့် (Grade 9) အောင်မြင် ပြီးမြောက် ထားသူများ

သင်တန်းကာလ

မတ်လ ၂၀၂၆ မှ ဇွန်လ ၂၀၂၆ အထိ သင်တန်းကာလ (၄) လ ကြာမြင့်မည် ဖြစ်သည်။

သင်ကြားပေးမည့် ဘာသာရပ်များ

Core Life & Social Development Skills

o Personal & Social Development

o Digital Skills

o Language Skills

o Financial & Business Skills

o Art & Music

Basic Vocational Specialization

သင်ကြားမှုပုံစံ

သင်တန်းဆရာ/ဆရာမများမှ အနီးကပ် သင်ကြားပေးခြင်းနှင့် အွန်လိုင်းမှ လေ့လာသင်ယူခြင်း နှစ်ခုစလုံး ပါဝင်မည် ဖြစ်သည်။

သင်ကြားမည့် ခေါင်းစဉ် တစ်ခုချင်းစီအလိုက် အကဲဖြတ်စစ်ဆေးခြင်းများ၊ လက်တွေ့လေ့ကျင့်ခြင်းနှင့် ကွင်းဆင်းလေ့လာခြင်းများ ပါဝင်မည်ဖြစ်သည်။

သင်တန်းသား/သူများ စံသတ်မှတ်ချက်

သင်တန်းလျှောက်လွှာတွင် ပါဝင်သော မေးခွန်းများကို ပြည့်စုံစွာ ဖြေကြားပေးရမည်။

သင်တန်းကာလ (၄) လ အစအဆုံး မပျက်မကွက်တက်ရောက်နိုင်သူ ဖြစ်ရမည်။

သင်တန်းအပေါ် စိတ်ဝင်စားပြီး သင်တန်းပြီးဆုံးပါကလည်း လက်တွေ့လုပ်ငန်း အကောင်အထည်ဖော်နိုင်သူ ဖြစ်ရမည်။

သင်တန်းကျောင်းအတွင်း ချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

ဘယ်လို လျှောက်ထားရမလဲ။

အွန်လိုင်းလျှောက်လွှာမှ တဆင့် သတ်မှတ်ထားသောရက် မတိုင်မှီ လျှောက်ထားရမည်။

https://forms.gle/ks8kb1PW6TjMCkNt9

လျှောက်လွှာတွင် မေးမြန်းထားသော မေးခွန်းများအား ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပေးရန် အကြံပြု တိုက်တွန်းပါသည်။

သတ်မှတ်ထားသော လျှောက်လွှာပိတ်ရက် ကျော်လွန်ပြီးမှ ပေးပို့လာသော လျှောက်လွှာများကို လက်ခံ စဉ်းစားပေးမည် မဟုတ်ပါ။

သင်တန်းလျှောက်လွှာပိတ်မည့်ရက်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်

မေးမြန်းလိုသည်များအား Yaung Ni Social Development Training School Page Messenger မှတဆင့် စုံစမ်း မေးမြန်းနိုင်သည်။ 

မှတ်ချက် - အွန်လိုင်း Google Form မှ သင်တန်းလျှောက်လွှာတင်ရန် အဆင်မပြေသူများအတွက် လျှောက်လွှာပါ အချက်အလက်များအား လက်ရေးဖြင့် ဖြည့်စွက်၍ Yaung Ni Social Development Training School Facebook Messenger မှတဆင့် ဓာတ်ပုံရိုက်ပြီး ပေးပို့နိုင်ပါသည်။

#YaungNi 

#yaungnisocialdevelopmenttrainingschool

#buildyourfuturewithyaungni

#learnlovehope

ပို၍ ဖတ်ရှုရန်
ကရင်နီပြည်လူငယ်နိုင်ငံရေးနှင့်အုပ်ချုပ်ရေး ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း သင်တန်းသားခေါ်ယူခြင်း

သင်တန်း

ကရင်နီပြည်လူငယ်နိုင်ငံရေးနှင့်အုပ်ချုပ်ရေး ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း သင်တန်းသားခေါ်ယူခြင်း

Jan 29, 2026

ကရင်နီပြည်လူငယ်အင်အားစုမှ ဦးစီးပြီး ကရင်နီပြည်လူငယ်နိုင်ငံရေးနှင့်အုပ်ချုပ်ရေး ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်းတစ်ရပ်ပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများမည်သူမဆို ပါဝင်လျှောက်ထားနိုပါသည်။

သင်တန်းအသေးစိတ်အချက်အလက်များကို အောက်တွင်ဖတ်ရှု့နိုင်ပါသည်။

 

https://drive.google.com/.../1c.../view...

ဖြည့်စွက်ပြီးပါက သင်တန်းလျှောက်လွှာကို မိမိနေထိုင်ရာမြို့နယ်အလိုက် ဖော်ပြထားသည့် သက်ဆိုင်ရာအဖွဲ့အစည်း၏ လိပ်စာအတိုင်း  ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နောက်ဆုံးပေးပို့ထားရမည်။

 

 

ပို၍ ဖတ်ရှုရန်
ပြည်သူ့အုပ်ချုပ်ရေးပညာ ဒီပလိုမာ (Batch 1)

သင်တန်း

ပြည်သူ့အုပ်ချုပ်ရေးပညာ ဒီပလိုမာ (Batch 1)

Jan 28, 2026

အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။ 

Wunzin Online University _ နိုင်ငံရေးသိပ္ပံဌာနကနေ ကြိုဆိုလိုက်ပါတယ်။ စစ်ကောင်စီရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးဘက်တော်သားတွေအတွက် ဝန်ဇင်းအွန်လိုင်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနကနေ လာမယ့်မတ်လနောက်ဆုံးအပတ်မှာ စတင်ဖွင့်လှစ်တော့မဲ့ Diploma Program လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လက်ရှိမြန်မာပြည်အခင်းအကျင်းအတွင်းမှာပဲ မြန်မာပြည်သူလူထုဟာ နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာကြပါတယ်။ ယခင်ခေတ်တွေလိုမဟုတ်ကြတော့ပဲ နိုင်ငံရေးကို လူကြီးလူငယ်မရွေး အမျိုးသား၊ အမျိုးသမီးတိုင်းက စိတ်ဝင်တစားရှိလာပြီး စစ်အုပ်စုရဲ့ဖိနှိပ်မှုကြားကနေ နိုင်ငံရေးပညာရပ်တွေကို ရရာနည်းလမ်းတွေကနေ မပြတ်လေ့လာနေကြပါတယ်။ နိုင်ငံရေးနဲ့အတူတကွယှဥ်တွဲပါလာတာက တော့ အုပ်ချုပ်ရေးပဲ ဖြစ်ပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်း တော်လှန်နေကြသောဖက်ဒရယ်ယူနစ်အစိုးရတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးတွေဟာ စစ်ရေးအပြင် အုပ်ချုပ်ရေး၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းများစွာကို လည်ပတ်လုပ်ကိုင်နေကြပါတယ်။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကလည်း နွေဦးတော်လှန်ရေးနှင့်အတူ တိုးတက်ပြောင်းလဲလာတာနဲ့အညီ တိုင်းရင်းသားပြည်သူတွေ လိုလားကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ဖို ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက ကျရာအခန်းကဏ္ဍကနေ ပါဝင်ကြတဲ့နေရာမှာ ပြည့်သူရေးရာစီမံခန့်ခွဲမှုပညာက အထူးလိုအပ်ပါတယ်။ 

ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာရပ်ကိုယ်တိုင်ကလဲ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ နေထိုင်ကြတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားတိုင်းသိထားသင့်တဲ့ ဘာသာရပ်ဖြစ်ပြီး ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရေးရာမူဝါဒများနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် အဘက်ဘက်က ကြိုးစားအားထုတ်ပေးပါတယ်။ မိမိတို့ ဒီမိုကရေစီဘက်တော်သားတွေ ကလဲ ဒါကိုကြိုတင်ပြင်ဆင်ဖို့လိုအပ်လာပါပြီ။ ဒါမှသာ တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေး အလွန်ကာလတွေမှာ ဖက်ဒရယ်ဒီမိုကရေစနစ်ကိုဦးတည်တဲ့ နိုင်ငံတော်တည်ဆောက်ဖို့ ပြည်သူကို ဝန်ဆောင်မှုပေးရေးဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ တထောင့်တစ်နေရာက ပါဝင်ဖို့ မိမိတို့ လူ့အဖွဲအစည်း အားကောင်းမောင်းသန်ဖြစ်ရေးရှေးရှုဖို့ဆိုတာတွေအတွက် ဒီ Diploma သင်တန်းက အထောက်အကူပြုနိုင်မှာ သေချာပါတယ်။

. 

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနက ဖွင့်လှစ်မဲ့ ဒီ ပြည်သူ့အုပ်ချုပ်ရေးပညာ ဒီပလိုမာသင်တန်း ဟာ အုပ်ချုပ်ရေးနယ်ပယ်မှာနေရာစုံက ပါဝင်နေသူတွေ၊ ပါဝင်လိုကြသူတွေ၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုမှာ ကျရာအခန်းကဏ္ဍကနေ အုပ်ချုပ်ရေးယန္တရားတွေမှာ ကျရာနေရာက တာဝန်ထမ်းဆောင်လိုသူများအပြင် ဒေသတွင်း ပြည်သူ့ရေးရာလုပ်ငန်းများကို စီမံခန့်ခွဲရာမှာ ကောင်းမွန်စွာ တာဝန်ယူဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ ဗဟုသုတတွေဖြည့်ဆည်းမည့်သူတွေ တက်ရောက်သင့်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုတက္ကသိုလ်ဖြစ်သည့် Wunzin Online University မှာ တွေ့ဆုံကြဖို့ မျှော်နေပါမယ်။

.

လူဦးရေ ကန့်သတ်ထားတာဖြစ်တဲ့အတွက် စောလျင်စွာလျှောက်ထားဖို့ အသိပေးလိုပါတယ်။

ဘယ်သူတွေလျှောက်ထားနိုင်မလဲ ?

.

လတ်တလော တော်လှန်ရေးအစုအဖွဲ့များရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်အရပ်ရပ်မှာ ပါဝင်လုပ်ကိုင်နေကြသူတွေ၊ တိုင်းရင်းသားတော်လှန်ရေး အုပ်ချုပ်ရေးအစုအဖွဲ့အစုံက ရုံးဝန်ထမ်းတွေ၊ ဖက်ဒရယ် ယူနစ်အစိုးရတွေရဲ့ ဝန်ထမ်းတွေ တက်ရောက်နိုင်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုမတိုင်ခင်က တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော CDM ကျောင်းသား/သူများ၊ BECA အောင်မြင်ထားသောကျောင်းသား/သူများ၊ တိုင်းရင်းသားနယ်မြေအခြေစိုက် ပညာရေး အင် စတီးကျူးရှင်းတွေက အထက်တန်းအောင်မြင်ထားသူတွေ၊  CDM တက္ကသိုလ်ကျောင်းသား/သူများ၊ CDM ဆရာ/ ဆရာမများ၊ GED/IGCSE ပြီးထားသူတွေ၊ CDM ဝန်ထမ်းများနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို စိတ်ဝင်စားပြီး သင်တန်းကာလ ၉ လကို အစမှအဆုံးထိ မပျက်မကွက်တက်ရောက်နိုင်မည်ဟု ကတိ ပြုနိုင်သော မည်သူမဆို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Commitment ကတော့ ရာခိုင်နှုန်း အပြည့် ပေးဖို့လိုပါတယ်။ 

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနက ဘာတွေလုပ်နေသလဲ

ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနကို ၂၀၂၃ ခုနှစ်မှာ စတင် အသက်သွင်းခဲ့ပြီး နိုင်ငံရေးသိပ္ပံ ဒီပလိုမာ (၁၈) လ သင်တန်း(Batch-1)ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၂၅ နှစ်လယ်အထိ ဆရာများနဲ့ကျောင်းသားတွေရဲ့ လုံခြုံရေးကြောင့် zero visibility လုပ်ကာ ခြေသံလုံလုံနဲ့ ချီတက်နေပါတယ်။ နိုင်ငံရေးသိပ္ပံ certificates အတန်းတွေလဲ ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေးသိပ္ပံဌာနဟာ တော်လှန်ရေး အင်အားစုတွေအတွက် ရည်ရွယ်တဲ့ ပြည့်သူ့အုပ်ချုပ်ရေးပညာ ဒီပလိုမာတန်းတွေဆိုပြီး အတန်းခွဲတွေ ဖွင့်နိုင်ဖို့ ၂ နှစ်ကျော် အချိန်ယူပြင်ဆင်နေပါတယ်။ ဒါ့အပြင်အခြားသော နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လက်ရှိအခြေအနေနဲ့ ကိုက်ညီမယ့်အတန်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ဖို့ အားထုတ်နေပါ တယ်။

ဘယ်သူတွေသင်မှာလဲ

သင်ကြားမယ့် ပါမောက္ခတွေက အစိုးရအုပ်ချုပ်ရေးယန္တရားတွေအကြောင်း ကောင်းစွာနားလည်ပြီး CDM လုပ်ဆောင်ထားတဲ့ သင်ကြားရေးသက်တမ်းအနိမ့်ဆုံး ၁၀ နှစ် ကျော်ရှိတဲ့ ဆရာတွေဦးဆောင် လာမှာဖြစ်ပါတယ်။ မော်ကျူးတခုပါမောက္ခနှစ်ဦးအနည်းဆုံးအပြင် Standby Teaching assistance တွေ ရှိနေမှာဖြစ်ပါတယ်။ မော်ကျူး (၈) ခုစာအတွက် ပါမောက္ခ ၁၀ ဦး ( ဆရာများ အားသည့်အချိန်ပေါ် မူတည်၍) ရှိနေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အုပ်ချုပ်ရေးပညာပြီးမြောက်ထားတဲ့ ဆရာ၊ဆရာမတွေ၊ ဖက်ဒရယ်ယူနစ်အစိုးရတွေ၊ ဝန်ကြီးဌာနတွေ၊ တိုင်းရင်းသားအုပ်ချုပ်ရေးယန္တရား အတွင်းက တာဝန်ရှိသူတွေကိုလည်း လက်တွေ့အခြေအနေနဲ့ ကိုက်ညီအောင် ဖိတ်ခေါ်သင်ကြား စေမဲ့ အတန်းဖြစ်ပါတယ်။

Scholarship 

ဝင်ခွင့်ရတဲ့ ကျောင်းသား/သူတိုင်းဟာ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနက ပေးတဲ့ စကောလားရှစ်ကို အပြည့်အဝခံစားရရှိမှာဖြစ်ပါတယ်။ 

Diploma Course/ Precourse 

ကျောင်းသူ/သားတွေဟာ Diploma တန်းတက်ရောက်ခွင့်ရဖို့ဆိုရင် Foundation course ကို တက်ရောက်ရမှာဖြစ်ပါတယ်။ ဒီအတန်းပြီးမြောက်ရင် certificates ရရှိမှာဖြစ်ပါတယ်။ အသေးစိတ်ကို လမ်းညွှန်စာအုပ်မှာ ဖတ်နိုင်ပါတယ်။ 

 Classroom and platform - 

အတန်းများကို Online Platform တွေကနေ သင်ကြားမှာဖြစ်ပါတယ်။ Face to Face သင်တန်း ဖြစ်ပါတယ်။ Camera ဖွင့်ဖို့လိုပါတယ်။ ( ချွင်းချက်တချို့ရှိနိုင်)။

Teaching style

ဆရာမှ အရှေ့က ဦးဆောင်သင်ကြားသည့် Banking Model နှင့် ကျောင်းသားများမှ တက်တက် ကြွကြွ တချိန်လုံးဆွေးနွေးရသည့် Problem-Posing Model ကို သုံးထားသည်ဖြစ်၍ ဆွေးနွေးမှု အားနှင့် စာဖတ်အားကောင်းရန် လိုအပ်သည်။ 

 Timetable- 

အတန်းများကို 23.3.2026 ရက်နေ့ နောက်ပိုင်းမှာ စတင်တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကာလ ၇ လ နဲ့ သုတေသန ၂လ ပေါင်း ၉ လ ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းလျောက်ထားရမယ့် timeline ကို အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်။ 

သင်တန်းတက်ရောက်ခွင့်လျှောက်ထားပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူများကို အင်တာဗျူးဖြေဆိုရန် email ပေးပို့မှာ ဖြစ်ပါတယ်။ အင်တာဗျူးအောင်မြင်သူများသာ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email ကနေတစ်ဆင့် ထပ်မံအကြောင်းကြား ပေးသွားမှာပါ။

 WOU မှ ဖွင့်လှစ်သော သင်တန်းများသည် တော်လှန်ရေးဘက်တော်သားများ၊ တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ CDM ပြုလုပ်ထားသည့်ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ အတွက်သာ ရည်ရွယ်ထားတာဖြစ်သည့်အတွက် လျှောက်ထားသူများအနေဖြင့် * တိုင်းရင်းသား အစုအဖွဲ့ (သို့) CDM (သို့) ဒီမိုကရက်တစ်ဘက်တော်သားများဖြစ်ကြောင်း မှန်ကန်ဖို့လိုအပ်ပြီး လိုအပ်သည့် အချက်အလက်များ အားလုံးကိုလည်း မှန်ကန်စွာ ဖြည့်စွက်ပေးဖို့လိုပါတယ်။ အကယ်၍ လိမ်လည်ဖြည့်စွက်ထားသည့်အချက်အလက်များကို တွေ့ရှိရပါက ‌‌WOU အနေဖြင့် လျှောက်လွှာကို ပယ်ချသွားမှာဖြစ်ပါတယ်။ ရွေးချယ်မှုကို ‌အကြောင်းကြားပြီးမှ အချက်အလက် အမှားများ ဖြည့်သွင်းထားသည်ကို သိရှိရပါက ‌အတန်းတက်ရောက်ခွင့်ကို အချိန်မရွေး ပယ်ဖျက်သွားမှာဖြစ်ပါတယ်။*

ဤ Diploma အတန်းကို တက်ရောက်လိုသူများအနေနှင့် အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ 

 Registration form link - https://docs.google.com/.../1FAIpQLScDBKUdzhxpBg.../viewform 

 Program Timeline link - 

https://drive.google.com/.../1lzIf0jnwoW1.../view... 

 Program Prospectus book လမ်းညွှန်စာအုပ် link - https://drive.google.com/.../1DvqfjCHSnKaT2FuhrvB.../view... 

 Deadline – 1.3. 2026 at 11:59 PM (day)

 ဆက်သွယ်စုံစမ်းရန် တက္ကသိုလ် Pages များ

ဌာန _ https://www.facebook.com/profile.php?id=61586871890330 

တက္ကသိုလ် _ https://www.facebook.com/profile.php?id=61566828640664 

Telegram

Wunzin Online University Students Info Channel 

https://t.me/+BiYlB_aVdQVkMTE1

 Enquiry 

wou.office_uic@he.moeedu.org 

wunzin.ps.bm@gmail.com 

"ပညာရေးဖြင့် တို့တော်လှန် နွေဦးရဲ့အသံ"

Department of Political Science

Wunzin Online University _WOU

#မှတ်ချက်_တိုင်းရင်းသားဟုသုံးနှုန်းမှုသည် post content တင်ရာတွင် စာအရ မြင်သာစေရန်သာဖြစ်ပါသည်။ 

#Wunzinonlineuniversity

#DepartmentofpoliticalScience

#DiplomainPublicAdministration

#DPA #WOU

ပို၍ ဖတ်ရှုရန်