နိုင်ငံတကာရေးရာလေ့လာမှုပညာဘာသာရပ် ဒိပလိုမာ
Jan 26, 2026
“Diploma in International Studies”သင်တန်းဖွင့်လှစ်ကြောင်းကြေညာခြင်း
မြန်မာ့နွေဦးတက္ကသိုလ်၊ နိုင်ငံရေးလေ့လာမှုပညာ မဟာဌာနလက်အောက်ရှိ နိုင်ငံရေးတကာဆက်ဆံရေးပညာ ဌာနမှ ပြည်ပရောက် ဆရာကြီး ဆရာမကြီးများ ဦးစီး၍ နိုင်ငံရေးဆိုင်ရာအသိပညာများ ဆည်းပူးလိုသူ ပြည်သူ့ ဘက်တော်သားအပေါင်းအတွက် ကြားကာလအတွင်း စဉ်ဆက်မပြတ် ပညာသင်ယူနိုင်စေရန် ရည်ရွယ်ကာ နိုင်ငံ တကာရေးရာ လေ့လာမှုပညာဘာသာရပ် ဒီပလိုမာသင်တန်းအား ဖွင့်လှစ်လိုက်ပါပြီ။
လေ့လာသင်ယူခွင့်ရရှိမည့် ဘာသာရပ်များ
Semester I
DISMNOU 1001 - Introduction to International Relations
နိုင်ငံတကာဆက်ဆံရေးပညာနိဒါန်း
DISMNOU 1002 - Theories of International Relations
နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ သီအိုရီများ
DISMNOU 1003 - Governments and Politics of Myanmar‘s Neighboring Countries
မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အုပ်ချုပ်ရေး နှင့် နိုင်ငံရေးလေ့လာသုံးသပ်မှုပညာရပ်
• DISMNOU 1004 –Foreign Policy and Diplomacy
နိုင်ငံခြားရေး မူဝါဒနှင့် သံတမန်ရေးရာ
Semester II
• DISMNOU 1005 Current Issues in IR
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှ မျက်မှောက်ရေးရာ စိန်ခေါ်မှုများ
• DISMNOU 1006 – International Political Economy
အပြည်ပြည်ဆိုင်ရာနိုင်ငံရေး ဘောဂဗေဒပညာရပ်
• DISMNOU 1007 – Geopolitics
ပထဝီ၀င်နိုင်ငံရေး
• DISMNOU 1008 - Global Governance
ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပညာရပ်
သင်တန်းကာလ
❖ ပထမပညာသင်ကာလ---- 7th February- 7th June( 4 months)
❖ ဒုတိယပညာသင်ကာလ--- 11st July- 31st October
❖ ဘွဲ့ယူစာတမ်းတင်သွင်းခြင်း ကာလ..
❖ အောင်စာရင်း ထုတ်ပြန်ခြင်း---- December (tentative)
သင်တန်းအချိန်နှင့် သင်တန်းရက်
• ည ၇:၀၀- ၉:၀၀
• စနေ၊ တနင်္ဂနွေ
သင်ကြားပို့ချမှုပုံစံ
❖ Zoom Application အသုံးပြု၍ သင်ကြားပေးခြင်း
❖ Google Classroom တွင် ကိုးကားစာအုပ်စာတမ်းများ၊ သင်ခန်းစာဗွီဒီယိုဖိုင်များ၊ သင်ခန်းစာဆိုင်ရာ အချက်အလက်များ၊ အကဲဖြတ်မှုဆ်ိုင်ရာ မေးခွန်းများ တို့ကို အချိန်နှင့်တပြေးညီ တင်ထားပေးခြင်း
❖ Guest Speakers များဖိတ်ကြား ၍ Special Talks အစီအစဥ်များ ထည့်သွင်းပေးထားခြင်း
သင်တန်း၏ အကဲဖြတ်မှုပုံစံ
❖ သင်ကြားပြသပေးသော ဆရာ/ဆရာမပေါ်မူတည်၍ အတန်းတက်ရောက်မှု၊ အတန်းတွင်းပါဝင်ဆွေးနွေး နိုင်မှု၊ စာတမ်းရေးသားခြင်း၊ Group/ Individual Presentation ပြုလုပ်ခြင်း အစရှိသော အကဲဖြတ်မှု ပုံစံအမျိူးမျိူးဖြင့် သုံးသပ်စစ်ဆေးမည်ဖြစ်ပါသည်။
တက်ရောက်ခွင့် ရရှိနိုင်သူများ
➢ CDMပြုလုပ်ထားသောအခြေခံပညာအထက်တန်းအောင်မြင်သူများ၊တက္ကသိုလ်ဝင်တန်း နှင့် BECA အောင်မြင်သူများ၊ တက္ကသိုလ်ဝင်တန်းအောင်နှင့်ညီမျှသော GED/IGCSE အတန်းအောင်မြင်သူများ
➢ CDM ပြုလုပ်ထားသော တက္ကသိုလ်တက်ဆဲ/ တက်ပြီးသောသူများ
➢ CDM ဆရာ/ဆရာမများနှင့် ဝန်ထမ်းများနှင့်စိတ်ပါဝင်စားသူများ
➢ ပထမဦးဆုံးအသုတ်ဖြစ်သည့်အတွက် သင်တန်းသား (၁၀၀) ဦးကိုသာ လက်ခံမည်ဖြစ်ပါသည်။
သင်တန်း တက်ရောက်ခြင်းမှ ရရှိလာနိုင်သော အကျိူး ရလဒ်များ
• နိုင်ငံတကာဆက်ဆံရေး၏ အဓိကသဘောတရားများ၊ မူဘောင်များနှင့် အခြေခံသီအိုရီများကို ကျွမ်းကျင် စွာ နားလည်ပြီး ခွဲခြားစိတ်ဖြာနိုင်ခြင်း၊
• နိုင်ငံတကာစီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများနှင့် အခန်းကဏ္ဍ များ ကို အကဲဖြတ်နိုင်ခြင်း၊
• မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ စိန်ခေါ်မှုများကိုပိုင်းခြားစိတ်ဖြာပြီး ၎င်းတို့၏ ပထဝီ၀င်နိုင်ငံရေးနှင့် ဘောဂဗေဒဆိုင်ရာ အကျိုးဆက်များကို ဆန်းစစ်နိုင်ခြင်း၊
• မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ အစိုးရဖွဲ့စည်းပုံ၊ နိုင်ငံရေးဖြစ်စဉ်များ နှင့် နိုင်ငံခြားရေး မူဝါဒရွေးချယ်မှုများကို နှိုင်းယှဉ်သုံးသပ်နိုင်ခြင်း၊
• နိုင်ငံတကာရေးရာလေ့လာမှုပညာသဘောတရားများကိုအသုံးပြု၍ မျက်မှောက်ခေတ် ကမ္ဘာ့အရေးကိစ္စ များကို ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှုဖြင့် ကျိုးကြောင်းဆီလျော်စွာ ဆွေးနွေးတင်ပြနိုင်ခြင်း၊
သင်တန်းကြေး
• ကျောင်းသားတစ်ဦးလျှင် ၁၂၀,၀၀၀ကျပ် (ပထမပညာသင်ကာလနှင့်ဒုတိယပညာသင်ကာလနှစ်ခုပေါင်း) ပေ:သွင်းရမည်ဖြစ်ပါသည်။
သင်တန်းကို မှတ်ပုံတင်စာရင်းသွင်းခြင်း
✓ ဤ ဒီပလိုမာသင်တန်းသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများသည် အောက်တွင် ဖော်ပြထားသော Google Form https://edu.nugmyanmar.org/DISregisterform
ကို 03-02-2026 (အင်္ဂါနေ့) နောက်ဆုံးထား၍ ဖြည့်ပေးရမည်ဖြစ်ပါသည်။
✓ တက်ရောက်ခွင့်ရရှိသူများကို Google Formတွင် ဖြည့်သွင်းထားသော Email မှတဆင့် အကြောင်း ကြားမည် ဖြစ်ပါသည်။
✓ ထောက်ခံစာ တောင်းယူရာတွင်
၁) CDM ကျောင်းသူ၊ ကျောင်းသားဖြစ်ကြောင်း CDM ဆရာ၊ဆရာမ သို့ ဝန်ထမ်း တစ်ဦးဦးထံမှ ရယူနိုင်သည်။
၂) အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ရိုက် ပတ်သက်မှု/ထောက်ပံ့မှုမရှိကြောင်း CDM တစ်ဦးဦးထံမှ ရယူနိုင်သည်။
၃) CDM ဖြစ်ကြောင်း အထောက်အထား (ထုတ်ပယ်စာ၊ အသိအမှတ်ပြုစာ) တင်သွင်းနိုင်သည်။
၄) အမျိုးသားညီညွတ်ရေးအစိုးရ၏ ဌာနတစ်ခုခုတွင် ပါဝင်ကူညီနေသူဖြစ်ပါက သက်ဆိုင်ရာဌာနမှ ထောက်ခံ
စာ ကို တင်သွင်းနိုင်သည်။
စိတ်ပါဝင်စားသော်လည်း သင်တန်းကြေးအခက်အခဲရှိသူများနှင့် ထူးချွန်သင်တန်းသား ၁၀ ဦး ခန့် ( သင်တန်းသားဦးရေ၏ ၁၀%) ကို သင်တန်းကြေး ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်သည်။
လျောက်ထားသူများထဲမှ ကနဦး (၅%) အား သင်တန်းကြေးကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်သည်။
(မှတ်ချက် - CDM ဝန်ထမ်းနှင့်ကျောင်းသားများအား ဦးစားပေးစဥ်းစားမည်)
ကျန် (၅%) အား သင်တန်းပြီးဆုံးသောအခါ အမှတ်အမြင့်ဆုံး ကျောင်းသား များအား စိစစ်၍ သင်တန်းကြေးအား ပြန်လည်ပေးအပ်သွားမည်။
(မှတ်ချက် - မည့်သည့်ကန့်သတ်ချက်မျှမရှိပါ)
*** IR BA MA ဘွဲ့၊ DIR ဘွဲ့ရရှိပြီးသူများ၊ MNOU တွင် IR Undergraduate Degree တန်းတက်ရောက်နေသူများ လျှောက်ထားရန်မလိုပါ။ ***
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲ
စီမံရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်


