ပညာရေးသတင်းများ ကောလိပ်

Empowering Youth Pathway (EYP) Program လျှောက်လွှာခေါ်ယူခြင်း

Sep 14, 2026

Empowering Youth Pathway (EYP) Program လျှောက်လွှာခေါ်ယူခြင်း

အလုပ်အကိုင်အတွက် အဆင်သင့်ဖြစ်စေမယ့် Career လမ်းကြောင်းလား? ပညာရေးဆက်လက်တက်လှမ်းဖို့ Higher Education လမ်းကြောင်းလား? ကိုယ့်အိပ်မက်နဲ့ ကိုက်ညီမယ့်လမ်းကို ရွေးချယ်လျှောက်လှမ်းနိုင်မယ့် EYP Program ကို Level Up College မှ အခမဲ့ ဖွင့်လှစ်လိုက်ပါပြီ။

တက်ရောက်သူများက စာတွေ့ တစ်လနှင့် Community Development Project ကို တစ်လသာ ကိုယ်တိုင်လက်တွေ့ ဖော်ဆောင်ခွင့်ရရှိပါမည်။

ရွေးချယ်တက်ရောက်နိုင်မည့် Pathway (၂) ခု

• Employment Pathway: 

CV ရေးသားနည်း၊ အင်တာဗျူးဖြေဆိုနည်း၊ လုပ်ငန်းခွင်ကျင့်ဝတ်နဲ့ Job Readiness Skills များ။

• Higher Education Pathway: 

Academic Reading၊ Critical Thinking၊ Practical English နဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ Learning Skills များ။

ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

• အသက် ၁၈ မှ ၃၀ နှစ်အတွင်း လူငယ်များ (သတ်မှတ်အသက်ထက် ကျော်လွန်သော်လည်း အမှန်တကယ် စိတ်အားထက်သန်ပါက လျှောက်ထားနိုင်ပါသည်)

• High School ပြီးဆုံးထားသူများ

• အလုပ်အကိုင်ရှာဖွေနေသူများ၊ 

• IDP လူငယ်များနှင့် ပညာရေးတစ်ပိုင်းတစ်စ ဖြစ်ခဲ့ရသူများ

မိမိဘဝရဲ့ ရှေ့ဆက်လမ်းအတွက် ခိုင်မာတဲ့ခြေလှမ်းကို Level Up College ရဲ့ EYP Program နဲ့အတူ အခုပဲ စတင်လိုက်ပါ။

Application Link: https://forms.gle/VDZrXZqjXqrSoEwLA

Deadline: Sept 30, 2026

Location: Level Up College (In Person)

#EYP #EmpoweringYouthPathways #LevelUpCollege

ကူးယူဖော်ပြမှု;https://www.facebook.com/levelupacademyloikaw